
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ မိခင်ရဲ့ ကိုယ်အလေးချိန်က ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကိုယ်အလေးချိန် ဖြစ်ရပါမယ်။
ကိုယ့်ရဲ့ ကိုယ်အလေးချိန်က ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကိုယ်အလေးချိန်ဟုတ်ရဲ့လား။
ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကိုယ်အလေးချိန် မဟုတ်ခဲ့ဘဲ ပိန်လွန်းခြင်း၊ ဝခြင်းများဖြစ်ခဲ့ရင် မိခင်နဲ့ ကလေးရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။
ကိုယ်ဝန်ဆောင်စဉ်ကာလမှာ ကိုယ့်ရဲ့ ကိုယ်အလေးချိန်အလိုက် တက်သင့်သော ကိုယ်အလေးချိန်သာ တက်ရပါမယ်။ တက်သင့်တာထက် ပိုမတက်စေသင့်ပါဘူး။ မိမိက ဘယ်လောက်အထိ တက်လို့ရမလဲ။
ကိုယ်ဝန်ဆောင်စဉ်ကာလမှာလည်း ကိုယ်ဝန်သက်အလိုက် တက်သင့်တဲ့ ကိုယ်အလေးချိန် အတိုင်းလည်း တက်ရပါမယ်။
တက်လာတဲ့ ကိုယ် အလေးချိန်က ရင်သွေးလေး အပါအဝင် ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီးက တက်လာတာဖြစ်ပါတယ်။
တက်သင့်သလောက် မတက်ခြင်း၊ အလွန်အကျူးတက်ခြင်းသည်လည်း မိခင်နှင့်ရင်သွေးရဲ့ကျန်မာရေးကို ထိခိုက်တတ်ပါတယ်။
ကိုယ်ဝန်ဆောင်စဉ် ကိုယ်အလေးချိန်လျှော့ချဖို့ အစားလျှော့စားသင့်ပါသလား။
မစားသင့်ပါဘူး၊ ဖွံ့ဖြိုးနေတဲ့ ရင်သွေးလေးကိုထိခိုက်နိုင်ပါတယ်။ တကယ်တော့ ရင်သွေးလေးယူဖို့ ဆုံးဖြတ်တဲ့အချိန်မှာ ကိုယ်ရဲ့ ကိုယ်အလေးချိန်ဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကိုယ်အလေးချိန်“ဟုတ်ရဲ့လား” သတိထားကြည့်ပြီး၊ မဟုတ်ခဲ့ရင်လဲ လိုအပ်သလို ကိုယ်အလေးချိန်လျှော့ချပြီးမှ ယူသင့်ပါ တယ်။
ကိုယ်ဝန်ဆောင်စဉ် ကိုယ်အလေးချိန်သိပ်တက်မှာစိုးပြီး အစားလျှော့စားမယ့်အစား အာဟာရပြည့်တဲ့ အစားအစာတွေ စားပြီး၊ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းဟာ မိခင်နဲ့ကလေးအတွက် ကောင်းကျိုးများကို ဖြစ်စေပါတယ်။
မိခင်နှင့်ရင်သွေးလေးကျန်းမာရေးကိုလည်း မထိခိုက်ဘဲ အကျိုးရှိစေတဲ့ ကိုယ်ဝန်ဆောင်စဉ် နေထိုင် စားသောက်နည်း လမ်းညွှန်ချက်များကို လေ့လာပြီး လိုက်နာပါ။ ဒါမှမဟုတ် ကျန်းမာရေးစောင့်ရှောက်မှု ပေးသူနဲ့ တိုင်ပင်ပါ။

ပိန်ခြင်း၊ ဝခြင်းကို ဘယ်လို သတ်မှတ်ပါလဲ။

ကိုယ်ဝန်နှင့် ပိန်ခြင်း၊ ဝခြင်း

ကိုယ်ဝန်ဆောင်ကာလမှာ မိမိရဲ့ ကိုယ်အလေးချိန်အလိုက် ဘယ်လောက်တိုးသင့်သလဲ။

ရင်သွေးလေး လှုပ်ရှားမှုနှင့် အနေအထား

၁. ၅ ပုံမှန် ကိုယ်အလေးချိန်ရှိတဲ့သူတစ်ယောက်အတွက် ကိုယ်ဝန်ဆောင်ကာလမှာ ဘယ်အင်္ဂါ အစိတ်အပိုင်းတွေက ဘယ်လောက်စီ အလေးချိန် တိုးကြတာလဲ

ကိုယ်အလေးချိန် တက်သင့်သလောက် မတက်ခြင်း၊ အလွန်အကြူးတက်ခြင်း နှင့် မိခင်နှင့်ရင်သွေးကျန်းမာရေး

ကိုယ်ဝန်ဆောင် ကျန်းမာရေးလေ့ကျင့်ခန်းများ

မိခင်နှင့်ရင်သွေးလေးကျန်းမာရေးကိုလည်း မထိခိုက်ဘဲ အကျိုးရှိစေတဲ့ ကိုယ်ဝန်ဆောင်စဉ် နေထိုင် စားသောက်နည်း လမ်းညွှန်ချက်များ
