
ကိုယ်ဝန်သက်အလိုက် တက်သင့်တဲ့ ကိုယ်အလေးချိန် အတိုင်းလည်း မတက်ရင် ရင်သွေးလေးကြီးထွားမှုမှ မှန်ရဲ့လား။ သေးနေလား။ ပေါင်မပြည့်ဘဲ မွေးမှာလား စိတ်ပူရပါတယ်။
ကိုယ်အလေးချိန်က တက်သင့်တာထက်ပိုပြီး ရုတ်တရက်တက်လာရင် ဥပမာ- တစ်ပတ်မှာ တစ်ပေါင်ထက် ပိုပြီးတက်ရင် ကိုယ်ဝန်ဆိပ်တက်ချင်လို့ ရုတ်တရက် ဖေါရောင်လာတဲ့အခါမှာ ဖြစ်တတ်ပါတယ်။
ကိုယ်ဝန်ဆောင်စဉ်မှာ ကိုယ်အလေးချိန် တက်သင့်တာထက်ပိုတက်ခဲ့ရင် မွေးပြီးပါက ကိုယ်ဝန်မဆောင်ခင်က ရှိသော ကိုယ်အလေးချိန်ကို ပြန်ရဖို့ ခက်ခဲတတ်ပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကိုယ်အလေးချိန် ပြန်ရဖို့ ခက်ခဲတတ်ပါတယ်။