
Body mass index (BMI) နဲ့ တိုင်းတာပါတယ်။
Body mass index (BMI) ဆိုတာဟာ ကိုယ်အလေးချိန် (ကီလိုဂရမ်) ကို အရပ်အမြင့် (မီတာ) နှစ်ထပ်ကိန်း နဲ့ စားထားတာဖြစ်ပါတယ်။
သင့်ရဲ့ ကိုယ်အလေးချိန် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန် ဟုတ်ရဲ့လား။
Body mass index (BMI) ၁၈.၅ အထက်နဲ့ ၂၅ အောက် ကြား ထဲမှာ ရှိနေရင် ပုံမှန် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်လို့ ခေါ်ပါ တယ်။
Body mass index (BMI) ၂၅ ထက်ကျော်တဲ့သူကို ကိုယ်အလေးချိန်များတဲ့သူလို့ သတ်မှတ်ပါတယ်။
Body mass index (BMI) ၃၀ ထက်ကျော်တဲ့သူကို ဝတဲ့သူလို့သတ်မှတ်ပါတယ်။
Body mass index (BMI) ၄၀ ထက်ကျော်တဲ့သူကို အလွန်ဝတဲ့သူလို့သတ်မှတ်ပါတယ်။
Body mass index (BMI) ၁၈.၅ အောက်ရောက်တဲ့သူ ပိန်တဲ့သူလို့သတ်မှတ်ပါတယ်။