
ရင်သွေးလေး တက်ကြွသလောက် တိုးတတ်ကန်တတ်တဲ့အတွက် မေမေများ ခံစားရပါတယ်။ မေမေများ ကလေးတိုးလွန်းလို့ အိပ်မရဘူးလို့ ညည်းတတ်ကြပါတယ်။ တကယ်တော့ ရင်သွေးလေး နေကောင်းတာသိရလို့ ဝမ်းသာရမှာပါ။
ပုံမှန် မဟုတ်ဘဲ အတိုးနည်းရင် ဘာလုပ်ရမလဲ။
တတိယ ၃လမှာ ရင်သွေးလေးက ထွားလာပြီး ရေမြွှာရည်က တဖြည်းဖြည်း နည်းလာတဲ့ အတွက်ပတ်ချာလည် တတိယ ၃လရဲ့ နောက်ပိုင်း၂လမှာ လှည့်ဖို့ခက်ခဲလာပါပြီ။
အထူးသဖြင့် ၃၄-၃၆ ပတ် နောက်ပိုင်းမှာ ရင်သွေးလေးဟာ ဇောက်ထိုး အနေအထေားနဲ့ ဦးခေါင်းကို ရိုးကွင်းထဲစိုက်တဲ့ အနေအထားနဲ့ ရိုးကွင်းထဲက တိုးထွက်ဖို့ အသင့်အနေအထားမှာ ရှိနေပါပြီ။ ရင်သွေးလေးရဲ့ အနေအထား မှန်နေဖို့လိုပါပြီ။ ဦးခေါင်းကလွဲလို့ ကျန်တဲ့ အစိတ်အပိုင်းတွေနဲ့ ရိုးကွင်းထဲ ဦးတိုက်ခဲ့ရင် ပုံမမှန်တဲ့ အနေအထားဖြစ်ပါတယ်။ အနေအထားမှန်၊ မမှန်သိဖို့လိုပါပြီ။ ကိုယ်ဝန်စောင့်ရှောက်မှုပေးသူနှင့် ပုံမှန်ပြဖို့ အရေးကြီးပါသည်။
