
လနုစဉ်က ရင်သွေးလေးက ခန္ဓာကိုယ် သေးနေသေးပြီး ရေမြွှာအိတ်က ကြီးနေသေးတဲ့အတွက် လွတ်လပ်စွာလှုပ်ရှားနိုင်ပြီး ပတ်ချာလည်လှည့်လို့ရနေတဲ့အတွက် အနေအထားမျိုးစုံမှာ ရှိနေနိုင်ပါတယ်။ အနေအထားတစ်ခုတည်းမှာ မရှိနေနိုင်ပါဘူး။
လရင့်လာတာနဲ့အမျှ ရင်သွေးလေးက ထွားလာပြီး ရေမြွှာရည်က တဖြည်းဖြည်း နည်းလာတဲ့ အတွက် ပတ်ချာလည် လှည့်ဖို့ခက်ခဲလာပါပြီ။ တတိယ ၃လမှာတော့ အထူးသဖြင့် ၃၆ ပတ်နောက်ပိုင်းမှာ အနေအထားမှန်ဖို့လိုပါတယ်။
ပုံမှန် အနေအထားဆိုတာ ဘယ်လိုအနေအထားလဲ။
ရင်သွေးလေးရဲ့ ဦးခေါင်း ရိုးကွင်းထဲကို စိုက်ဝင်ပြီး ရိုးကွင်းထဲက တိုးထွက်ဖို့ အသင့်ဖြစ်နေတဲ့ ဇောက်ထိုး အနေအထားဟာ ရင်သွေးလေးအတွက် ပုံမှန်အနေအထားပါ။
ဦးခေါင်းကလွဲလို့ ကျန်တဲ့ အစိတ်အပိုင်းတွေနဲ့ ရိုးကွင်းထဲ ဦးတိုက်ခဲ့ ရင် ပုံမမှန်တဲ့ အနေအထားဖြစ်ပါတယ်။
ရင်သွေးလေးရဲ့ တင်ပဆုံပိုင်းနဲ့ ရိုးကွင်းထဲ ဦးတိုက်ခဲ့ရင်၊ ရင်သွေးလေးက ကန့်လန့် ဖြစ်နေရင် မွေးဖွားလမ်းကြောင်း ရိုးကွင်းက တိုးထွက်လိုမရဘဲ အခက်အခဲများဖြစ်နိုင်ပြီး မေမေနှင့် ရင်သွေးကို အန္တရာယ် ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အနေအထားမှန်၊ မမှန်သိဖို့လိုပါပြီ။ ကိုယ်ဝန်စောင့်ရှောက်မှုပေးသူနှင့် ပုံမှန်ပြဖို့ အရေးကြီး ပါသည်။