စျေး မီဒီယာ
မမွေးဖွားမှီ

ဆီးသွားရာမှာ ဘာတွေ ပြောင်းလဲလာမလဲ။

Posted by Kyaw Lin Han April 22, 2020
Jcgk7afyznriwqasyu3m

တတိယ ၃လမှာတော့ ရင်သွေးလေးရဲ့ ရိုးကွင်းထဲ ဦးစိုက်နေတဲ့ အစိတ်အပိုင်းက ဆီးအိမ်ကို ဖိထားတဲ့အတွက် ခဏခဏ ဆီးပေါက်ရတတ်ပါတယ်။ တစ်ခါတစ်ရံ ဆီးပေါက်ရ ခက်ခဲတာရှိတတ်သလို၊ တချို့ ကိုယ်ဝန်ဆောင်များမှာ ဆီး မထိန်းနိုင်တာလဲရှိတတ်ပါတယ်။
ပက်လက် အနေအထားမှာ ရင်သွေးလေးနဲ သားအိမ်ဟာ ကျောက်ကပ်ကထွက်တဲ့ ဆီးတွေကို ဆီးအိမ် ဆီ သယ်လာတဲ့ဆီးသွားလမ်းကြောင်း Ureter အပေါ် ဖိထားတဲ့အတွက် ဆီးစီးဆင်းမှုကို နှေးကွေးစေပြီး ဆီးသွားလမ်းကြောင်းပိုးဝင်ခြင်းကို ဖြစ်စေတတ်ပါတယ်။ ဆီးသွားလမ်းကြောင်း အပေါ်ပိုင်းအထိ ပိုဝင်ပြီး ကျောက်ကပ်ရောင်လျှင် တုန်ချမ်းပြီးအဖျားတက်ခြင်း၊ ကျောက်ကပ်ရှိရာ ခါးတစ်ဖက်တစ်ချက်က နာခြင်းများ ဖြစ်တတ်ပါတယ်။ လမစေ့ဘဲ မွေးတတ်ပါတယ်။ ကလေးကြီးထွားမှုကို နှေးကွေးစေတတ်ပြီး ပေါင်မစေ့သောကလေး မွေးတတ်ပါတယ်။

လိုက်နာဆောင်ရွက်ရန်

ကိုယ်ဝန်ကာလတွင် ဆီးခဏ ခဏ သွားပြီး နာခြင်း ကျဉ်ခြင်းရှိရင် ဆရာဝန်နှင့်ပြပါ။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းဖြစ်လျှင် ကိုယ်ဝန်ကို ထိခိုက်နိုင်ပါတယ်။ လမစေ့ဘဲမွေးတတ်ပါသည်။ ဆေးကုသမှု ခံယူဖို့လိုပါတယ်။
ပက်လက်အိပ်ခြင်းကို ရှောင်ကျဉ်ပါ။ ဘေးစောင်းအိပ်ပါ။ ဆီးမအောင်းထားပါနှင့်။ ကိုယ်ကိုယ်တိုင်ခံစားရသော လက္ခဏာများမရှိသော်လည်း ဆီးစစ်ရာတွင် ပိုးရှိသော လက္ခဏာ (Asymptomatic Bacteriuria) ရှိပါက ကုသမှု ခံယူရန် လိုပါသည်။ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းဖြစ်လျှင် ကိုယ်ဝန်ကို ထိခိုက်နိုင်ပါတယ်။ ဆေးကုသမှု ခံယူဖို့လိုပါတယ်။
ဆီးထိန်းနိုင်အောင် ရိုးကွင်း အထွက် မိန်မကိုယ်အဝမှာရှိတဲ့ ကြွက်သား လေ့ကျင့်ခန်း (Pelvic floor exercises or Kegel exercise) ကို လုပ်ပါ။

Wgxraqcd2syio2k9osic

ရိုးကွင်း အထွက်ကြွက်သား လေ့ကျင့်ခန်း (Pelvic floor exercises)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.