
တတိယ ၃ လမှာ ခံတွင်းကောင်းပေမဲ့ တစ်ထိုင်ထဲ များများစားလို့မရတော့ပါဘူး။ ဖြည်းဖြည်း လရင့်လာတဲ့အခါ သားအိမ်က မြင့်လာပြီး ဗိုက်ကြပ်လာတဲ့အတွက် များများဝင်ဖို့ နည်းနည်းနဲ့ ခဏခဏ စားရပါတယ်။ ကိုယ်ဝန်မှာထွက်တဲ့ ပရိုဂျက်စထရိုဂျင် ဟော်မုန်းကြောင့် အစာပြွန်နဲ့ အစာအိမ်ဆက်တဲ့နေရာ မလုံတဲ့အပြင် သားအိမ်က အစာအိမ်အပေါ် ဖိထားတာကြောင့် အစာအိမ်ထဲက အစာနဲ့ အစာချေရည် အက်ဆစ် တွေ အစာပြွန်ထဲ ပြန်တက်တဲ့အတွက် လေပူထတာ ဖြစ်တတ်ပါတယ်။ လရင့်လေ ပိုဆိုးလေပါဘဲ။
