မေမေတို့ရေ ကိုယ့်ရဲ့သားသားမီးမီးလေးတွေ စကားမြန်မြန်ပြောလာပြီး စကားလုံးတွေကြွယ်ဝအောင် လေ့ကျင့်ပေးရအောင်နော်။
- သုံးလလောက်ကတည်းက နို့တိုက်ချိန်တိုင်းမှာ မေမေတို့က သားသားမီးမီးလေးတွေကို စကားများများပြောပေးရပါမယ်။
- ညဘက်အိပ်ခါနီးအချိန်တွေမှာ စာအုပ်တွေဖတ်ပြတာ၊ ပုံပြင်တွေပြောပြတာမျိုးပြုလုပ်ပေးသင့်ပါတယ်။
- အသက် ၆ လလောက်ရောက်ပြီဆိုရင်တော့ ပုံပြင်စာအုပ်တွေ၊ ရုပ်ပုံကားချပ်တွေကို သားသားမီးမီးလေးတွေကို ပြသပြီးပြောပြပေးပါမယ်။
- သင်ကြားရေးကားချပ်လေးတွေနဲ့ စကားလုံးတွေကို သင်ပြပေးရပါမယ်။
- ကလေးတွေစကားပြန်မပြောနိုင်သေးတဲ့တိုင်အောင် မေမေတို့က စကားတွေအများကြီးပြောပြပေးရပါမယ်။
- ကလေးရဲ့အမည်၊ ဖေဖေ၊ မေမေ၊ ဖိုးဖိုး၊ ဖွားဖွား၊ ဦးဦး၊ ဒေါ်ဒေါ်ဆိုတာတွေကို သင်ပြပေးရပါမယ်။
- ကလေးတွေစကားစတင်ပြောချိန်ရောက်တဲ့အခါမှာလည်း လွယ်ကူတဲ့စကားလုံးလေးတွေကို ကလေးတွေကို ပြောပြပြီးလိုက်ပြောစေတာ၊ တစ်နေ့တာပြုလုပ်ဆောင်ရွက်ချက်လေးတွေကို မေမေတို့က ပြောပြပေးတာ၊ နောက်ပိုင်းမှာ လိုက်ပါပြောစေတာတွေကို ပြုလုပ်ပေးရပါမယ်။
- စကားသေချာပြောတတ်တဲ့အရွယ်ရောက်ပြီဆိုရင်တော့ စကားလုံးတွေကြွယ်ဝပြီး များများပြောနိုင်ဖို့အတွက် ညဘက်အိပ်ယာမဝင်မီမှာ တစ်နေ့တာလုပ်ဆောင်ခဲ့တာတွေကို ပြန်လည်ပြောပြစေပြီး လုပ်ဆောင်ချက်တွေအပေါ်မှာ မေမေတို့က အမှားအမှန်ဝေဖန်ပိုင်းခြားပြီး ဆွေးနွေးပေးတာမျိုးတွေလည်း ပြုလုပ်ပေးနိုင်ပါတယ်။ (ကလေးတွေအတွက် အလေ့အကျင့်ကောင်းလေးတစ်ခုဖြစ်ပြီး နောက်ပိုင်းမှာ တစ်နေ့တာလုပ်ငန်းစဉ်တွေအပေါ် ကိုယ်တိုင်အမှားအမှန်ခွဲခြားသုံးသပ်နိုင်ဖို့အတွက်လည်း အထောက်အကူဖြစ်စေသွားမှာပါ)
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး