
မေမေတို့ရေ သားသားမီးမီးလေးတွေရဲ့ မျက်လုံးအားကောင်းစေပြီး အမြင်အာရုံကြည်လင်ကောင်းမွန်စေဖို့အတွက် အစားအစာလေးတွေကျွေးမွေးရတော့မယ့် အရွယ်မှာ အမြင်အာရုံအားကောင်းစေမယ့် အစားအစာတွေကို ရွေးချယ်ပေးဖို့လိုအပ်ပါတယ်နော်။
သားသားမီးမီးလေးတွေ အမြင်အာရုံကောင်းမွန်ဖို့အတွက်ဆိုရင်တော့ မုန်လာဥနီ၊ ဘယ်ရီသီး၊ အစေ့အဆန်အမျိုးမျိုး၊ ပဲအမျိုးမျိုး၊ ကိုက်လန် အစရှိတဲ့ အစားအစာတွေကို ကျွေးသင့်ပါတယ်နော်။ အဲ့ဒီအစားအစာလေးတွေကို သားသားမီးမီးလေးတွေကို ဖြည့်စွက်စာစားတဲ့အချိန်မှာ တစ်နေ့တစ်မျိုးလောက်တော့ပါ၀င်အောင် ထည့်သွင်းကျွေးမွေးပေးဖို့လိုပါတယ်။ အဲ့ဒါမှလည်း သားသားမီးမီးလေးတွေ မျက်စိအားကောင်းစေပြီး အမြင်အာရုံတွေပိုမိုကောင်းမွန်လာစေဖို့အတွက် အထောက်အပံ့တွေရရှိမှာပဲဖြစ်ပါတယ်နော်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး