စျေး မီဒီယာ
အခြား

ကလေးငယ်ကို အစာသစ်ကျွေးရင် ဘယ်လိုကျွေးနိုင်မလဲ??

Posted by May Thaw Htoo July 26, 2022
Ap8tqx7lew4vdpukxbvm

မေမေတို့ရေ ဘေဘီလေးတွေကို အစာသစ်တစ်ခုခုကျွေးဖို့စဉ်းစားမိတယ်ဆိုရင်တော့ အရင်ဦးဆုံး ကလေးရဲ့အသက်အရွယ်နဲ့ လိုက်ဖက်မှုရှိ၊ မရှိဆိုတာကို စဉ်းစားဖို့လိုပါတယ်။ အစာအသစ်စကျွေးရင် နေ့ဘက်မှာပဲစကျွေးရမှာပါ။ ညစာမှာကျွေးမိရင်တော့ ကလေးနဲ့ဓာတ်မတည့်ဘူးဆိုရင် တစ်ညလုံးအဆင်မပြေဖြစ်တတ်ပါတယ်နော်။ အစာသစ်ကို ကလေးထမင်းစစားချိန်မှာ ကျွေးဖို့လိုပါတယ်။ အဲ့ဒီအချိန်ဟာ ကလေးအတွက် အဆာလောင်ဆုံးအချိန်ဖြစ်လေ့ရှိတဲ့အတွက် ငြင်းဆန်ဖို့ကို မေ့နေတတ်ပါတယ်။

နောက်ပြီး ကလေးတွေကို အစာသစ်ကျွေးတော့မယ်ဆိုရင် အသစ်တစ်မျိုးတည်းကို ပြင်ဆင်တာမျိုးမလုပ်ထားဘဲ အရင်ကစားဖူးထားတဲ့ကလေးငယ်ကြိုက်နှစ်သက်တဲ့ စားစရာတွေနဲ့ ပြင်ဆင်ထားပြီး ကျွေးမွေးသင့်ပါတယ်။ တစ်ခါကျွေးတဲ့အခါ လက်ဖက်ရည်ဇွန်းတစ်ဇွန်းထက်ပိုပြီးမကျွေးသင့်ပါဘူး။ အစာသစ်တစ်ခုနဲ့တစ်ခုပြောင်းကျွေးဖို့ဆိုရင်လည်း အနည်းဆုံး ငါးရက်လောက်ခြားပြီး ကျွေးသင့်ပါတယ်နော်။ ကလေးကငြင်းဆန်တယ်ဆိုရင်လည်း ဆက်မကျွေးဘဲမနေဘဲ အကြိမ်ကြိမ်ကြိုးစားပြီးကျွေးဖို့လိုပါတယ်နော်။ ဒါမှလည်း ကလေးငယ်လေးတွေ အစာသစ်ကိုစားကျင့်ရပြီး အစားမရွေးဘဲ အဟာရစုံလင်စေမှာဖြစ်ပါတယ်။

မေမေတို့ရေ ဒီလိုအကျိုးရှိတဲ့အကြောင်းအရာလေးကတော့ (စာရေးသူ ဒေါက်တာ မေမွန်ရဲ့ မေ့ရင်သွေးလေးကျန်းမာစေဖို့) ဆိုတဲ့ စာအုပ်လေးထဲမှ ကောက်နုတ်ထားခြင်းဖြစ်ပါတယ်။

မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.