
မေမေတို့ရေ ဘေဘီလေးတွေအနေနဲ့ ဘယ်အရွယ်တွေမှာ ဘယ်လိုမျိုးသွားပေါက်တတ်တယ်ဆိုတာကို မေမေတို့သတိပြုနိုင်စေဖို့အတွက် ကျားလေးကနေ မျှဝေပေးမယ်နော်။
မေမေတို့ရေ ဘေဘီလေးတို့ရဲ့ အောက်သွားတွေက ဒီအရွယ်တွေမှာ ပေါက်တတ်ပါတယ်တဲ့။
ရှေ့သွားများ .... အသက် ၆ လမှ ၁၆ လအတွင်း
သွားစွယ်များ .... အသက် ၁ရ လမှ ၂၃ လအတွင်း
အံသွားများ .... အသက် ၁၄ လမှ ၃၁ လအတွင်း
မေမေတို့ရေ ဘေဘီလေးတွေရဲ့ အပေါ်သွားတွေကတော့ ဒီအရွယ်တွေမှာ ပေါက်တတ်ပါတယ်နော်။
ရှေ့သွားများ .... အသက် ၈ လမှ ၁၃ လတွင်း
သွားစွယ်များ ... အသက် ၁၆ လမှ ၂၂ လအတွင်း
အံသွားများ .... အသက် ၁၃ လမှ ၃၃ လအတွင်း
မေမေတို့ရေ ဘေဘီလေးတွေရဲ့ ငယ်သွားလေးကတော့ အရွယ်အစားသေးငယ်တတ်ကြပါတယ်နော်။ သွားပေါက်ခါနီးကလေးလေးတွေဟာ သွားရည်တွေ ကျလေ့ရှိတတ်လို့ မေမေတို့ သတိပြုနိုင်ပါတယ်။ နောက်ပြီး သွားပေါက်ခါနီးမှာ သွားဖုံးလေးအတွေရောင်အန်းပြီး နာလာတတ်လို့ ကလေးက ဂျီတာမျိုး၊ အစာစားဖို့ ငြင်းဆန်လာတာမမိ၊ ညအိပ်မပျော်တာမျိုးတွေဖြစ်တတ်လို့ မေမေတို့က သတိထားစောင့်ကြည့်ပြီး ဂရုစိုက်ပေးဖို့ လိုပါတယ်နော်။
မေမေတို့ရေ ဒီလိုအကျိုးရှိတဲ့အကြောင်းအရာလေးကတော့ (စာရေးသူ ဒေါက်တာ မေမွန်ရဲ့ မေ့ရင်သွေးလေးကျန်းမာစေဖို့) ဆိုတဲ့ စာအုပ်လေးထဲမှ ကောက်နုတ်ချက်ဖြစ်ပါတယ်ပါရှိပါတယ်နော်။
မိခင်နဲ့ ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး