မေမေတို့ သားဆက်ခြားဖို့ ကိုယ့်အတွက် ဘယ်နည်းလမ်းက အသင့်တော်ဆုံးလဲဆိုတာ တတ်ကျွမ်းသူနဲ့ တိုင်ပင်ဖို့လိုပါတယ်။
(၆) လ အောက် ကလေးငယ်ရှိနေပြီး မိခင်နို့မတိုက်ရင် ဆေးကဒ်သောက်လို့ရပါတယ်။
မွေးပြီး (၃) ပတ်ကြာမှ စသောက်သင့်ပါတယ်။
ကလေးကို နို့တိုက်နေပေမယ့် မိခင်နို့ တစ်မျိုးတည်း တိုက်နေတာ မဟုတ်ဘဲ ဖြည့်စွက်စာကျွေးနေရင် မွေးပြီး ၆ပတ်ကြာမှ စသောက်သင့်ပါတယ်။
(၆) လ အောက် ကလေးငယ်ရှိပြီး မိခင်နို့တစ်မျိုးတည်း တိုက်နေရင်တော့ ဆေးကဒ်လုံးဝ မသောက်သင့်ပါ။
မိခင်နို့ကို မှီခိုစရာ မဟုတ်တော့ဘူး ဆိုရင်တော့ ဆေးကဒ်စသောက်နိုင်ပါတယ်။
ဆေးလိပ်မသောက်ရင် ဆေးကဒ်သောက်လို့ရပါတယ်။ ဆေးလိပ်သောက်သော်လည်း အသက် ၃၅ နှစ်မကျော်သေးရင် ဆေးကဒ်သောက်လို့ရပါတယ်။
မေ့ရင်သွေး မဂ္ဂဇင်းမှ ကောက်နုတ်တင်ပြသည်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး