မေမေတို့ရေ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ အစစအရာရာဂရုစိုက်သင့်ပါတယ်။ အဲ့ဒီအထဲမှာမှ အိပ်စက်အနားယူတဲ့ ပုံသဏ္ဍာန်အနေအထားကလည်း မှန်ကန်မှုရှိဖို့၊ စနစ်ကျနဖို့လိုအပ်ပါသေးတယ်။ မေမေတို့ရေ မေမေတို့အိပ်စက်တဲ့အခါ ပုံလေးမှာပြထားတဲ့အတိုင်း ခြေထောက်အနေအထားလေးကို မှန်ကန်အောင် အိပ်စက်သင့်ပါတယ်။ ခြေထောက်အကွေးကိုဂရုစိုက်ပေးပြီး မေမေတို့သက်တောင့်သက်သာရှိဖို့အပြင် ဝမ်းဗိုက်ထဲက ရင်သွေးငယ်လေးရဲ့အနေအထားအတွက်လည်း သက်တောင့်သက်သာရှိစေဖို့ ဂရုစိုက်ပေးရမှာပါ။
အိပ်စက်တဲ့အချိန်မှာ မေမေတို့က ဘေးတစ်စောင်းအနေအထားနဲ့အိပ်စက်တာက ရင်သွေးငယ်လေးအတွက်ရော၊ မေမေတို့အတွက်ရောအဆင်ပြေစေပါတယ်။ သန္ဓေသားအရွယ်ရောက်လာတဲ့အခါ မေမေတို့က ဝမ်းလျားမှောက်အိပ်တာ၊ ပက်လက်လှန်အိပ်တာတွေက ဝမ်းဗိုက်ထဲက သန္ဓေသားရဲ့ နေထိုင်ရမှုအနေအထားကို ပျက်ယွင်းသွားစေပါတယ်။ သန္ဓေသားရဲ့တည်ရှိမှုကို လွဲမှားမှုတွေဖြစ်စေတဲ့အတွက် မေမေတို့က ဘေးစောင်းအနေအထားသာအိပ်စက်သင့်ပါတယ်။ ဘေးစောင်းအိပ်စက်တဲ့အခါမှာလည်း အပေါ်ပုံလေးမှာပြထားတဲ့အတိုင်း ခြေထောက်အကွေးကို ဂရုတစိုက်နဲ့ထားရှိဖို့အတွက် ကျားလေးက မျှဝေပေးလိုက်ပါတယ်နော်။
ကိုယ်ဝန်လရင့်လာချိန်မှာ အိပ်စက်မှုအနေအထားမှန်ကန်နေမှလည်း မွေးဖွားတဲ့အခါ အခက်အခဲမရှိဘဲ အဆင်ပြေပြေမွေးဖွားနိုင်ဖို့အတွက် အထောက်အကူပြုစေနိုင်မှာပါ။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး