စျေး မီဒီယာ
မမွေးဖွားမှီ

ကိုယ်ဝန်ဆောင်မေမေ စိတ်ခံစားမှု ကောင်းစေဖို့ ဘာတွေ စားမလဲ?

Posted by May Thaw Htoo July 29, 2022
Fsvtwtoj8cgel2xadoac

ကိုယ်ဝန်ဆောင် မေမေ အနေနဲ့ စိတ်ခံစားမှု ကောင်းချင်တယ်ဆိုရင် ဒါလေးတွေ စားပေးပါ။

၁။ ငါး
--------

လေ့လာမှုတွေအရ omega-3 ပါတဲ့ ငါးတွေ ဖြစ်ကြတဲ့ မက်ကာရယ်၊ ဆယ်လ်မွန် စတဲ့ ငါးတွေက စိတ်ဓာတ်ကျမှုကို တိုက်ထုတ်ပေးနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ဒါပေမယ့် တစ်ခုရှိတာက ဒီငါးတွေက မာကျူရီ ပါဝင်မှု မြင့်တက်တာပါ။ မာကျူရီများတာက ဘေဘီလေးကို ထိခိုက်စေနိုင်တာကြောင့် ကိုယ်ဝန်ဆောင် မေမေတွေ အနေနဲ့ အများကြီး စားဖို့တော့ မသင့်တော်ပါဘူး။ ဒါကြောင့် တစ်ပတ်ကို ၂ ကြိမ်လောက်ပဲ စားပေးပါ။

Ehrep2rukwv4cxvnve6m

၂။ ဟင်းနုနွယ်
-----------------

အစိမ်းရင့်ရောင်ရှိတဲ့ ဟင်းနုနွယ်မှာ ဖောလစ်အက်ဆစ် ပါဝင်နေတာကြောင့် စိတ်ခံစားမှု ကောင်းမွန်စေပါတယ်။ ဒါ့အပြင် ဟင်းနုနွယ်မှာ ဓာတ်တိုးဆန့်ကျင်အာနိသင်ပါဝင်နေတာက ဦးနှောက်ဆဲလ်တွေကို ဓာတ်တိုးပစ္စည်းတွေ အန္တရာယ်ကနေ ကာကွယ်ပေးပါတယ်။ ဒါကလည်း စိတ်ခံစားမှု ကောင်းစေဖို့ ထောက်ပံ့ပေးတဲ့ အချက်တစ်ခုပါ။

၃။ အခွံမာသီးတွေ
---------------------

Brazil nuts၊ သစ်ကြားသီး၊ အယ်လ်မွန်စေ့လိုမျိုး အခွံမာသီးတွေက ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ဖိစီးမှုဖြစ်တာ၊ စိတ်ဓာတ်ကျတာ နဲ့ စိုးရိမ်စိတ်များတာလိုမျိုး စိတ်အခြေအနေတွေကို သက်သာစေနိုင်တဲ့ သတ္တုဓာတ် တစ်မျိုးဖြစ်တဲ့ selenium ပါဝင်နေပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဒီအခွံမာသီးတွေကို စားပေးမယ်ဆိုရင် မေမေအနေနဲ့ စိတ်ခံစားမှု ကောင်းစေမှာပါ။

P6skllss86hr4pfwflnf

၄။ အနက်ရောင် ချောကလက်
--------------------------------

အနက်ရောင်ချောကလက် တစ်တုံး ကနေ ၃ တုံးလောက်အထိစားပေးတာက ခန္ဓာကိုယ်ကနေ ပျော်ရွှင်စေတဲ့ ဟော်မုန်းတွေကို ထုတ်လွှတ်ဖို့ အားပေးနိုင်ပါတယ်။ ချောကလက်မှာ ကြွက်သားတွေကို ပြေလျော့စေပြီး စိုးရိမ်ပူပန်မှုကို သက်သာစေနိုင်တဲ့ သတ္တုဓာတ်တစ်မျိုးဖြစ်တဲ့ မဂ္ဂနီဆီယမ် ပါဝင်နေပါတယ်။ဒါ​ကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ခံစားမှု ကောင်းချင်တယ်ဆိုရင် အနက်ရောင် ချောကလက် စားပေးပါ။

၅။ ပဲနီလေး
--------------

ပဲနီလေးက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပြီး စိတ်ခံစားမှု ကောင်းမွန်စေဖို့ အားဖြည့်ပေးပါတယ်။ သံဓာတ် ပါဝင်မှု မြင့်မားတာကလည်း ခန္ဓာကိုယကို အင်အားပြည့်ဝစေပြီး စိတ်ပင်ပန်းမှုကို လျော့ကျစေပါတယ်။

Catvxvvkezs3m4xnns6r

၆။ ငှက်ပျောသီး
------------------

ငှက်ပျောသီးမှာ ဗီတာမင် B6 နဲ့ tryptophan တို့လိုမျိုး ပျော်ရွှင်ခြင်း ဟော်မုန်းကို ဖြစ်ပေါ်စေတဲ အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ စိုးရိမ်ပူပန်မှုကို သက်သာစေပြီး ကောင်းကောင်းအိပ်ပျော်စေသလို စိတ်ဖိစီးမှုကိုပါ လျော့ကျစေပါတယ်။

#Ref....ဒေါက်တာ ဖြိုးဝေလင်း
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.