စျေး မီဒီယာ
မမွေးဖွားမှီ

ကိုယ်ဝန်ဆောင်စဉ် နောက်ကျောနာကျင်ခြင်းကို သက်သာစေမယ့် နည်းလမ်းများ

Posted by May Thaw Htoo June 21, 2022
B2lrvpjpldvn7itrojke

ကိုယ်ဝန်ဆောင်နေစဉ် ကျောနာကျင်ခြင်းကတော့ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကိစ္စတစ်ခုဖြစ်ပြီး ကိုယ်ဝန်သည်တိုင်းတွေ့ကြုံရမယ့် ကိစ္စတစ်ခုလိုတောင်ဖြစ်နေပါပြီ။ ရင်သွေးလေးကို ဝမ်းကြာတိုက်အတွင်းမှာ လွယ်ထားရတာ လွယ်ကူ ရိုးရှင်းတဲ့ ကိစ္စ တစ်ခုတော့ မဟုတ်ပါဘူး။

ကိုယ်ဝန်ဆောင်နေစဉ် ကျောနာကျင်ရခြင်းအကြောင်းရင်းများကတော့ ကျန်းမာသော ကိုယ်ဝန်ဆောင်မှုမှာ ကိုယ်ဝန်သည်ဟာ ကိုယ်အလေးချိန် တိုးလာခြင်း၊ ကိုယ်ဝန်ကြောင့် ကိုယ်ဝန်သည်ရဲ့ ကိုယ်ခန္ဓာဟန်ချက် ပျက်တတ်ခြင်း၊ကလေးမွေးသော အခါ လွယ်ကူစေရန် ကြွက်သားများကို ကိုယ်ခန္ဓာမှ အလိုအလျောက် လျှော့ချပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲများရှိခြင်း၊ ပထမဆုံး အကြိမ် ကိုယ်ဝန်လွယ်ရခြင်း တို့ကြောင့်ဖြစ်ပါတယ်။

ကျောနာကျင်ခြင်းကိုလျှော့ချရန်တော့ အလေးအပင်များ မ မရန်လိုအပ်ပါတယ်။မမယ်ဆိုရင်လည်း မှန်ကန်သော ပုံသဏ္ဍာန်နှင့် မရန်အရေးကြီးပါတယ်။ခါးကိုမကွေးဘဲ ဒူးကိုညွှတ်၍ မခြင်းမျိုးကိုသာ ပြုလုပ်သင့်ပါတယ်။ အချိန်ကြာမြင့်စွာထိုင်ခြင်း၊ထခြင်းမျိုးကိုလည်း ရှောင်ကျဉ်သင့်ပါတယ်။တတ်နိုင်သမျှ မတ်မတ််ထိုင်နိုင်ရန် ဖက်ခေါင်းအုံးလိုအရာမျိုးကိုလည်း အသုံးပြုသင့်ပါတယ်။ အားသုံးရသည့် အိမ်အလုပ်များကိုလည်း ရှောင်ရှားရန် လိုအပ်ပြီး အိပ်စက်သည့် အခါမှာလည်း ပုံသဏ္ဍာန် မှန်ကန်ရန်လိုအပ်ပါသေးတယ်။

အဝတ်အစားများကိုလည်း လွတ်လပ်ပေါ့ပါးသော အဝတ်အစားမျိုးကိုသာ ဝတ်သင့်ပြီး တင်းကျပ်၍ နေထိုင်ရခက်ခဲသော အဝတ်အစားများဝတ်ဆင်ခြင်းကိုတော့ ရှောင်ရှားသင့်ပါတယ်။ ရေနွေနွေးနဲ့ရေချိုးခြင်းမျိုးကိုလည်း လုပ်ပေးနိုင်ပြီး အနှိပ်ခံခြင်းကလည်း သွေးလည်ပတ်မှုအားကောင်းစေသလို ကျောနာကျင်ခြင်းကိုလည်း သက်သာစေမှာပါ။

ရေနွေးအိတ် ရေအေးအိတ်များလည်း အသုံးပြုနိုင်ပြီး အရမ်းမပူရန်တော့ ဂရုပြုရပါမယ်။ စိတ်ကိုလည်း အတတ်နိုင်ဆုံး သက်တောင့်သက်သာ ထားပြီး အေးချမ်းစွာနေသင့်ပါတယ်။ မှန်ကန်သော စားသောက်မှုကိုလည်း ကျင့်သုံးမယ်ဆိုရင်တော့ ကိုယ်ဝန်ဆောင်မိခင်တို့အနေနဲ့ ကျောနာကျင်ခြင်းကို ကျော်လွှားနိုင်မှာပါ။

မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.