စျေး မီဒီယာ
မွေးပြီး တစ်နှစ်အတွင်း

လတ်တလော ကလေးမွေးထားသော မိဘများ အိပ်ချိန်ပိုရစေဖို့...

Posted by May Thaw Htoo June 24, 2022
Qbz218xcei6p7481y7lr

ကလေးမွေးဖွားပြီးချိန်မှာ ဆိုရင်တော့ ဖေဖေ မေမေတို့ရဲ့ အချိန် တော်တော်များများဟာ ကလေးလေးရဲ့ ဘေးမှာပဲ ကုန်ဆုံးနေမှာပါ။ ကလေးငယ်လေးကို သိပ်ရန်ခက်ခဲတဲ့ အချိန်မျိုးမှာ ညအချိန် အိပ်ရေးပျက်ခြင်းမျိုးလည်း ကြုံတွေ့နိုင်ပါသေးတယ်။ ခုမှ ကလေးမွေးထားသော မိဘများဆိုရင် ပိုမို အခက်အခဲများတွေ့နိုင်တဲ့ အတွက် အနားရချိန် ပိုရအောင် နည်းလမ်းလေးများကို ဖော်ပြပေးလိုက်ပါတယ်။

မွေးဖွားတာမကြာသေးတဲ့ ကလေးငယ်လေးများကို ၂ နာရီမှ ၃ နာရီတစ်ခါ နို့တိုက်ကျွေးရန်လိုအပ်တဲ့ အတွက် မေမေများ အနေနဲ့ ကလေးများ နို့တိုက်ဖို့ကိုပဲ အချိန်များစွာပေးရနိုင်ပါတယ်။ ထို့အတွက် ပင်ပန်းလွန်းပြီး နို့တိုက်ရန် ပင်ပန်းလွန်းသော အချိန်မျိူးများဆို ကြိုညှစ်ထားသော မိခင်နို့ရည်ကို တိုက်ကျွေးခြင်းများပြုလုပ်နိုင်ပါတယ်။ ည အချိန်များမှာလည်း နို့တိုက်ရခြင်းမျိုးရှိနိုင်တဲ့ အခါ မိခင်များမှာလည်း ဆာလောင်ခြင်းမျိုးရှိတတ်တဲ့အတွက် အဆာပြေများစီစဉ်ထားပြီး စားပြီးမှ အိပ်ခြင်းဖြင့် အိပ်စက်ရပိုမိုလွယ်ကူစေမှာပါ။

ကလေးရဲ့ အိပ်ချိန်အတည်တကျမရှိတတ်သေးသော်လည်း ခန့်မှန်းပြီး မေမေ နဲ့ ဖေဖေ အလှည့်ကျ ကလေးထိန်းခြင်းကလည်း မိဘနှစ်ယောက်စလုံး ပင်ပန်းခြင်းမှ ကာကွယ်နိုင်ပါတယ်။ မိခင်များ အနေနဲ့ ကလေးငယ် အိပ်စက်ချိန်များမှာ အိမ်မှုကိစ္စများ မလုပ်ပဲ လိုက်ပါအိပ်စက်ခြင်းကလည်း အနားယူချိန်ကို ပိုမိုရရှိစေပါတယ်။မိခင်ကရွှင်လန်းနေမှလည်း ကလေးငယ်ကို ဂရုစိုက်မှု ပိုမိုပေးနိုင်မှာပါ။

ကလေးငယ်လေးအိပ်စက်ရန်လွယ်ကူရန်အတွက် ပခက်ကဲ့သို့အရာများကိုလည်း အသုံးပြုသင့်ပါသေးတယ်။ တချို့ကလေးငယ်လေးများ ဟာ ပခက်ကဲ့သို့အိပ်စက်ခြင်းကို ကူညီသော ပစ္စည်းများမှာ လွယ်ကူစွာအိပ်ပျော်တတ်ကြပါတယ်။ ထို့အတွက် မိဘများ အနေနဲ့လည်း အိပ်စက်ချိန် ပိုရကြမှာပါ။ အလုပ်လုပ်ရတဲ့ နေ့မျိုးမှာ ဖေဖေ တို့အတွက် အဆင်မပြေခြင်းများရှိရင်လည်း ရုံးပိတ်ရက်များမှာ မေမေတို့ အနားရအောင် ဖေဖေတို့က တစ်လှည့် ထိန်းပေးသင့်ပါတယ်နော်။

မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.