၁၀လသားအရွယ်ကနေစပြီး သင့်ကလေးဟာ ရုတ်တရက်ပိုမို ဖွံ့ဖြိုးလာမှာပါ။ သူတို့ကို တွားသွားခြင်း ၊ မတ်မတ်ထိုင်ခြင်းတို့အပြင် အခြားဉာဏ်ရည်ဖွံဖြိုးစေဖို့ ပြလုပ်ပေးရမှာများ ရှိပါတယ်။ နို့စို့အရွယ် ရင်သွေးငယ်လေးဖြစ်ပါက သင့်အင်္ကျီရှိ အမှတ်အသားများကို ကလေးက စူးစမ်းတတ်ပါပြီ။
တွေ့မြင်နေရတဲ့ အရာဝတ္ထုများကို ဆွဲယူခြင်း ၊ မှောက်ချခြင်း ၊ သွန်ချခြင်းတို့ကို လွတ်လပ်စွာ ပြုလုပ်ပါစေ။ ဖွင့်ရပိတ်ရ လွယ်ကူပြီး ပေါ့ပါးတဲ့ သေတ္တာတစ်လုံးမှာ ကစားစရာများ ထည့်သွင်းခြင်း ၊ ပြန်ထုတ်ခြင်းတို့ ပြုလုပ်ခိုင်းပါ။
သင့်ကလေးကို ကျောပေါ်တင်ပြီး အိမ်ကိုတစ်ပတ်ပတ်ခြင်း ၊ ဓာတ်ခဲထည့်ပြီး ကစားရသော အရုပ်များ ၊ သံပတ်ပေးပြီးကစားရတဲ့ အရုပ်လေးများ ပေးကစားခြင်းဖြင့် ကလေးကို စူးစမ်းဖို့ အခွင့်အလမ်း များများပေးပါ။
ကလေးရဲ့ ပတ်ဝန်းကျင်မှာ အန္တရာယ်ဖြစ်နိုင်မယ့် အရာဝတ္ထုများ ထားခြင်းကို အတတ်နိုင်ဆုံး ရှောင်ရပါမယ်။ ရေချိုးပေးတဲ့အခါ ဇလုံထဲမှာ ကစားစရာ အရုပ်များထည့်ပြီး ပျော်ပျော်ပါးပါး ဆော့ကစားပြီး ရေချိုးပေးပါ။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး