အသည်းရောင် အသားဝါ ဘီပိုးကူးစက်ခံရတဲ့ ကလေးငယ်တွေရဲ့ ၉၀ ရာခိုင််နှုန်းက နာတာရှည်ဖြစ်တတ်တဲ့အတွက် ကလေးငယ်တွေကို မွေးပြီးပြီးချင်းမှာ ကာကွယ်ဆေးကို စောစောစီးစီးထိုးနှံပေးဖို့ လိုအပ်ပါတယ်။
အသည်းရောင်အသားဝါ ဘီရောဂါဖြစ်ပွားနေတဲ့ ကလေးငယ်က အားနည်းတာ၊ ၀မ်းဗိုက်မအီမသာဖြစ်တာ၊ အော့အန်တာ၊ ဗိုက်အောင့်တာ၊ မျက်စိနဲ့ အသားဝါတာစတဲ့လက္ခဏာတွေကို ခံစားရစေနိုင်ပါတယ်။ တကယ်လို့ အချိန်မီကာကွယ်ဆေးမထိုးလိုက်ရတဲ့အတွက် နာတာရှည်အသည်းရောဂါဖြစ်ပွားခဲ့ရင်တော့ ခြေထောက်တွေရောင်နေတာ၊ ၀မ်းဗိုက်ဖောင်းတာ၊ သွေးအန်တာ၊ သတိဖောက်ပြန်တာနဲ့ အမူအယာပြောင်းလဲတဲ့ ဝေဒနာလက္ခဏာတွေကို ခံစားရစေနိုင်ပါတယ်။
နာတာရှည် အသည်းရောင်အသားဝါဘီရောဂါပိုးဟာ အသည်းခြောက်ရောဂါ၊ အသည်းကင်ဆာရောဂါ၊ အသည်းပျက်စီးတာတွေနဲ့ အသက်သေဆုံးတဲ့အထိ ဖြစ်ပေါ်နိုင်ပါတယ်။ နောက်ပြီး အသားရောင်အသားဝါဘီပိုးက ကူးစက်မြန်၊ ကူးစက်လွယ်တဲ့အတွက် ကလေးငယ်တွေကို သေချာဂရုစိုက်ပြီး ရောဂါပိုးကူးစက်မခံရအောင် သတိပြုသင့်ပါတယ်။
ဒီလိုအန္တရာယ်ကြီးတဲ့အတွက်လည်း သားသားမီးမီးတွေကို အသည်းရောင် အသားဝါ ဘီကာကွယ်ဆေးကို ဂရုတစိုက်ထိုးပေးဖို့အတွက် လိုပါတယ်။ မွေးကင်းစအချိန်မှာ အသည်းရောင်အသားဝါ ဘီကာကွယ်ဆေးကို တစ်မျိုးတည်းတစ်ကြိမ်ထိုးနှံပေးဖို့လိုပါတယ်။ အသားရောင်အသားဝါဘီရောဂါကို ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ Hib ပါ၀င်တဲ့ ငါးမျိုးစပ်ကာကွယ်ဆေး Pentavalent vaccine နဲ့လည်း ကာကွယ်နိုင်ပါတယ်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး