ရင်သွေးငယ်လေးတွေမှာ အပူကန်နာလိုမျိုး ခံတွင်းအနာလေးတွေ ဖြစ်တတ်ပါတယ်။ ဘက်တီးရီယားမှိုတစ်မျိုးကြောင့် ဖြစ်တဲ့ ဒီအနာလေးတွေဟာ မိခင်ဝမ်းမှ စထွက်ချိန် မွေးလမ်းကြောင်းကို ဖြတ်သန်းတဲ့အခါမှာကတည်းက ကပ်ငြိပါလာတာ ဖြစ်ပါတယ်။
ဒီဘက်တီးရီးယားမှိုဟာ ပါးစပ်သို့မဟုတ် မိန်းမကိုယ်အတွင်းမှာသာ ရှင်သန်နိုင်ပါတယ်။ သင်ဖျားနာတဲ့အခါ ၊ ကိုယ်ဝန်ဆောင်တဲ့အခါ ၊ ပဋိဇီဝဆေးများ သောက်သုံးရတဲ့အခါ အဆိုပါဘက်တီးရီးယားမှိုက ကြီးထွားလာပြီး တခြားသူများကိုပါ ကူးစက်စေနိုင်တဲ့အဆင့် ရောက်သွားပါတယ်။
ခံတွင်းအနာလေးတွေဟာ မွေးတဲ့အချိန်မှာ မိခင်ကနေ ကူးတာဖြစ်တာကြောင့် အသက်(၂)လအောက် ကလေးငယ်တွေမှာ အများဆုံးတွေ့ရပါတယ်။ (၂)လအထက် ကလေးငယ်တွေမှာ ဖြစ်တာရှားပေမယ့်လည်း ကိုယ်ခံအားမကောင်းတဲ့ ကလေးတွေမှာတော့ ဖြစ်တတ်ပါတယ်။
ဒီလိုခံတွင်းအနာ ဖြစ်နေချိန်မှာ မိခင်နို့တိုက်ရင် အနာကူးစက်ပြီး ပိုဆိုးနိုင်ချေရှိတာကြောင့် နို့ဗူးနဲ့ တိုက်ပေးရမှာ ဖြစ်ပါတယ်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး