
အချို့သော ကိုယ်ဝန်ဆောင်အမျိုးသမီးများဟာ ပြဒါးဓာတ်ပါဝင်မှုကို စိုးရိမ်သောကြောင့် ငါးစားသုံးခြင်းကို ရှောင်ကြဉ်ကြပါတယ်။ ငါးတွေမှာ ပြဒါးဓာတ်ပါဝင်ပေမယ့် လေ့လာမှုအသစ်အရ တစ်ပတ်အတွင်း ငါးကို(၅)ကြိမ်ခန့် စားပေးခြင်းဟာ သန္ဓေသားရဲ့ နှလုံးကျန်းမာရေးကို တိုးတက်စေနိုင်ပါတယ်။
အဆိုပါ အချက်အလက်များအတွက် သုတေသီများဟာ ကိုယ်ဝန်ဆောင်အမျိုးသမီး ၈၀၀ခန့်ကို လေ့လာခဲ့ရပြီး ကိုယ်ဝန်ဆောင်စဉ် ငါးစားသုံးမှု မှတ်တမ်းတင်ခြင်း ၊ သွေးအတွင်းမာကျူရီပမာဏကို စမ်းသပ်ခြင်းတို့ ပြုလုပ်ခဲ့ကြပါတယ်။
မိခင်လောင်းများအနေနဲ့ တစ်ပတ်ကို ၃ကြိမ်မျှ ငါးကို ပုံမှန်စားပေးရုံမျှဖြင့် ငါးလုံးဝမစားသော မိခင်များရဲ့ ရင်သွေးငယ်များထက် ဇီဝဖြစ်စဉ်နှင့် ကျန်းမာရေးများ ပိုမိုကောင်းမွန်တာကို သိသိသာသာ တွေ့ရှိခဲ့ရပါတယ်။
ဇီဝဖြစ်စဉ် ကျန်းမာရေးမှာ နှလုံးရောဂါ ၊ ဆီးချိုနှင့်သက်ဆိုင်သောရောဂါများ ၊ လေဖြတ်ခြင်းတို့ပါဝင်ပြီး ငါးစားသုံးခြင်းက အဆိုပါ အန္တရာယ်များကို ကာကွယ်ပေးနိုင်ပေမယ့် တစ်ပတ်ကို ၅ကြိမ်ထက် ပိုမိုစားသုံးမိပါက ကျန်းမာရေးကိုထိခိုက်စေနိုင်ပြီး သန္ဓေသားရဲ့ ဇီဝဖြစ်စဉ်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး