စျေး မီဒီယာ
မွေးပြီး တစ်နှစ်အတွင်း

မိခင်နို့တစ်မျိုးတည်း တိုက်ကျွေးခြင်းကြောင့် ရနိုင်မည့်အကျိုးကျေးဇူးများ

Posted by May Thaw Htoo August 26, 2022
Kyg1yyr57y6xfdqs1e9q

မေမေတို့ရေ ရင်သွေးငယ်လေးတွေကို အသက် ၆ လအရွယ်အထိ မိခင်နို့တစ်မျိုးတည်းကိုပဲ တိုက်ကျွေးသင့်ပါတယ်။ မိခင်ရဲ့နို့ဦးရည်နဲ့ မိခင်နို့က ကလေးငယ်ရောဂါမဖြစ်ပွားစေဖို့အတွက် မိခင်ကနေ ကလေးကိုပေးနိုင်တဲ့ ပထမဆုံးနဲ့ တန်ဖိုးအရှိဆုံးကာကွယ်ဆေးဖြစ်ပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းကြောင့် ကလေးငယ်မှာ ဝမ်းလျှောခြင်း၊ အသက်ရှူလမ်းကြောင်းရောဂါ ကူးစက်ဝင်ရောက်ခြင်းနဲ့ နာတာရည်ရောဂါတွေဖြစ်ပွားမယ့်အန္တရာယ်ကို လျှော့ချပေးနိုင်ပါတယ်။ မိခင်နို့တိုက်ကျွေးခြင်းကြောင့် မိခင်နဲ့ကလေးငယ်တို့ကြားမှာ သံယောဇဉ်တွယ်တာမှု ပိုမိုခိုင်မာစေပါတယ်နော်။

Put2gbsq3wvhd8exx7pr

မိခင်နို့က ကလေးငယ်ကျန်းမာစွာကြီးထွားပြီး ဖွံ့ဖြိုးမှုအတွက် အကောင်းဆုံးအာဟာရဖြစ်ပါတယ်။ မွေးဖွားပြီးပထမ (၆) လအတွင်း ကလေးငယ်လိုအပ်တဲ့ တစ်ခုတည်းသောအာဟာရဖြစ်ပါတယ်။ ကလေးငယ်အတွက် အစာကြေလွယ်ပြီး ကလေးငယ်ကိုအာဟာရဓာတ်များလျင်မြန်စွာပေးနိုင်ပါတယ်။ မိခင်နို့မှာ ရေဓာတ်အများအပြားပါဝင်နေတာမို့ ကလေး (၆) လအတွင်းမှာ မိခင်နို့ကလွဲပြီး ရေအပါအဝင်တခြားဘာကိုမှ ကျွေးဖို့တိုက်ဖို့မလိုပါဘူးနော်။ ကလေးရေဆာတိုင်း မိခင်နို့တိုက်ကျွေးနိုင်ပါတယ်။ မိခင်နို့မှာ အဆီဓာတ်၊ သကြားဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေအလုံအလောက်ပါဝင်ပြီး အစာကြေလွယ်ပါတယ်နော်။

Ymipnwjx0y1o2k8oj1sz

ရင်သွေးငယ်‌တွေကို မိခင်နို့တိုက်ကျွေးတာဟာ ရင်သွေးငယ်တွေအတွက်သာမက မိခင်မှာလည်း အကျိုးကျေးဇူးတွေရရှိစေပါတယ်။ ရင်သွေးငယ်ကို မိခင်နို့တိုက်ကျွေးနေတဲ့ မိခင်က နောက်တစ်ကြိမ် ကိုယ်ဝန်ဆောင်တာကို နှောင့်နှေးကြန့်ကြာစေနိုင်ပါတယ်။ မမျိုးဥကင်ဆာ၊ ရင်သားကင်ဆာတို့ဖြစ်ပွားမယ့် အန္တရာယ်ကိုလည်း လျှော့ချပေးနိုင်ပါတယ်။ နောက်ပြီး နို့ထွက်မျိုးဖို့ဆိုရင်တော့ ရင်သွေးငယ်ကို အချိန်ကြာကြာနို့တိုက်ဖို့လည်း လိုပါတယ်နော်။ မိခင်မှာအာဟာရပြည့်ဝနေမယ်ဆိုရင် အမြွာကလေးကိုတောင် နို့ချိုလုံလောက်အောင်တိုက်နိုင်ပါတယ် မေမေတို့ရေ။ မိခင်နို့မှာ အာဟာရတွေပါဝင်နေလို့လည်း အသက် ၆ လနောက်ပိုင်း အခြားဖြည့်စွက်စာတွေနဲ့ တွဲဖက်ကျွေးနေတဲ့တိုင်အောင် အသက် ၂ နှစ်အရွယ်အထိ မိခင်နို့ကို ဆက်လက်တိုက်ကျွေးနေနိုင်မယ်ဆိုရင်တော့ ပိုကောင်းပါတယ်နော်။

မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.