
သင့်ရင်သွေးငယ်လေးကို နို့မတိုက်ဘဲ ထားတဲ့အချိန်တွေမှာ ချိုလိမ်လေးများ တပ်ပေးနိုင်ပါတယ်။ ကျွမ်းကျင်သူများကတော့ သင့်ရင်သွေးလေး နို့ချိုတိုက်ကျွေးခြင်း အကျွမ်းတဝင် မဖြစ်ခင်မှာ မည်သည့်နို့သီးခေါင်း ၊ ချိုလိမ်တို့ကို အသုံးမပြုသင့်သေးဘူးလို့ အကြံပေးကြပါတယ်။
ဒါပေမယ့်လည်း ချိုလိမ်တပ်ပေးခြင်းက ရင်သွေးငယ်လေးအား နို့တိုက်ကျွေးခြင်းကို အနှောင့်အယှက်မဖြစ်စေနိုင်ပါဘူး။ ချိုလိမ်တပ်ပေးခြင်းမှာ ကောင်းကျိုးနှင့်ဆိုးကျိုးတို့ ဒွန်တွဲနေပါတယ်။ ရင်သွေးငယ်လေး အိပ်ငိုက်နေချိန်နှင့် အပ်ရာဝင်ချိန်မှာ ချိုလိမ်တပ်ပေးပါက ကလေးငယ်ရဲ့ SDIS ဖြစ်နိုင်ချေကို လျော့ချပေးပါတယ်။
ချိုလိမ်တပ်ပေးခြင်းရဲ့ အဓိကတွေ့ရမယ့်ဆိုးကျိုးတစ်ခုက ရင်သွေးငယ်လေးများရဲ့ မျက်တောင်ခတ်တဲ့ အလေ့အကျင့်ကို လျော့နည်းစေလို့ပါပဲ။ သင့်ရင်သွေးကို ချိုလိမ်တပ်ပေးချိန်ဟာ သူ ဗိုက်မဆာတဲ့အချိန်သာ ဖြစ်ရပါမယ်။ တကယ်လို့ ရင်သွေးငယ်လေး ဗိုက်ဆာနေချိန်မှာ ချိုလိမ်တပ်ပေးပါက အလွန်စိတ်ဆိုးပြီး အစားအစာကျွေးဖို့ ခက်ခဲသွားတတ်ပါတယ်။
ဒါ့အပြင် သိထားရမယ့်အချက်က ရင်သွေးငယ်တိုင်း ချိုလိမ်ကို မလိုအပ်ကြပါဘူး။ သင့်ရင်သွေးလေး မပျင်းရိစေဖို့အတွက်တော့ အခြားသော ဆော့ကစားခြင်း ၊ သီချင်းဆိုပြခြင်းတို့ကို ပြုလုပ်နိုင်ပါတယ်။
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး