
သားအိမ်က တဖြည်းဖြည်းနဲ့ဗိုက်ထဲကို မြင့်တက် လာပါပြီ။ ၂၈ ပတ်မှာ ချက်ရဲ့အပေါ်မှ ရင်ညွှန့်အကြား ၃ပိုင်းပိုင်းရင် အောက်ဆုံးအပိုင်းကို ရောက်ပါပြီ။ ဒုတိယ အပိုင်းနေရာကတော့ ၃၂ပတ်မှာ ကိုယ်ဝန်မှာရှိမဲ့ သားအိမ်ရဲ့ အမြင့်ဘဲဖြစ်ပါတယ်။ ၃၆ ပတ်မှာ ရင်ညွှန့်အထိ ရောက်လာတတ်ပါတယ်။ ရင်ခေါင်းခိုက်တယ်လို့လည်း ပြောလေ့ရှိပါတယ်။ နေရထိုင်ရ အခက်ဆုံးအချိန်ဖြစ်ပါတယ်။ နံရိုးများနေရာကလည်း နာတတ်ပါတယ်။ အဲ့ဒီအချိန် နောက်ပိုင်းမှာတော့ ရိုးကွင်းထဲကို ကလေးခေါင်းစိုက်ပြီ ဖြစ်လို့ ရင်ညွှန့်မှာနေရတာ ချောင်သွားပါတယ်။ အသက်ရှူလို့ ပိုကောင်းလာပါတယ်။