
သားအိမ်ကြွက်သားက ကိုယ်ဝန်ဆောင်စဉ်မှာ Braxton Hick Contraction ခေါ်တဲ့ ညှစ်အားငယ်လေး များလာတတ်ပါတယ်။ ကြွက်သားမျာက ညှစ်အားလာတဲ့အချိန်မှာ တင်းတင်းတင်းတင်း ဖြစ်လာတာ ခံစားရနိုင်ပါတယ်။ နာတော့ မနာပါဘူး။ စက္ကန့် အနည်းငယ်သာ ဖြစ်တတ်ပါတယ်။ ပုံမှန်လည်းလာလေ့မရှိပါဘူး။ တစ်နေ့ကို ၄-၅ ကြိမ်လောက် လာတတ်ပါတယ်။ တစ်ချို့ ကတော့ သတိတောင်ထားမိမှာ မဟုတ်ပါဘူး။ တတိယ၃လမှာတော့ ပိုပြီးစိတ်လာပါတယ်။ မွေးဖွားဖို့ ကြိုတင် ပြင်ဆင်နေခြင်း ဖြစ်ပါတယ်။ ညှစ်အားလေးတွေ ပိုပြီးပုံမှန်ဖြစ်လာမယ်။ ဆယ်မိနစ်တစ်ခါ ပုံမှန် လာမယ်။ ညှစ်အားလာတဲ့ အချိန်မှာ နာလည်းနာမယ်ဆိုရင် မွေးတော့မှာပါ။