
ကိုယ်ဝန်ဆောင်စဉ်မှာ ဒုတိယ ၃ လလောက်ကစပြီး ခြေသလုံး၊ ပေါင်နဲ့ မိန်းမကိုယ်တွေမှာ သွေးကြောတွေ ထုံးတတ်ပါတယ်။ လှဲအိပ်လိုက်ရင် ဖေါင်းနေတာ ပျောက်သွားတတ်ပါတယ်။ ခြေသလုံးမှာ သွေးလှည့်ပါတ်မှု မကောင်းတဲ့အတွက် ညောင်းနာနေတတ်ပါတယ်။ ခြေသလုံးမှာလည်း ဖေါရောင်တတ်ပါတယ်။
ဘာကြောင့်ဖြစ်ရတာလဲ။
ပရိုဂျက်စထရိုဂျင်ဟော်မုန်းကြောင့် သွေးပြန်ကြောတွေ ကျယ်လာတတ်ပါတယ်။ ရင်သွေးလေး နဲ့သားအိမ်ကြီးလာတာနဲ့အမျှ ခြေထောက်ဘက်ကပြန်လာတဲ့ သွေးပြန်ကြောကြီးအပေါ် ဖိထားတဲ့ အတွက် ခြေထောက်မှာ သွေးလှည့်ပတ်မှုမကောင်းဘဲ သွေးအိုင်တတ်ပါတယ်။ ဟော်မုန်းရဲ့ အာနိသင်နဲ့ ဖိအားရဲ့အာနိသင်၂ခုပေါင်းသွားပြိး ခြေသလုံး၊ ပေါင်နဲ့ မိန်းမကိုယ်တွေမှာ သွေးကြောတွေ ကျယ်လာပြီး တွန့်ခေါက်ပြီး ထုံးလာတတ်ပါတယ်။
ဘယ်လိုလုပ်ရင် သက်သာမလဲ။
မွေးပြီးသွားရင် ကိုယ်ဝန်ဟော်မုန်းများလည်းလျော့နည်းသွားပြီး ကလေးနဲ့ သားအိမ်ရဲ့ ဖိအားလည်း မရှိတော့တာကြောင့် သက်သာသွားမှာပါ။ ခွဲစိတ်တဲ့ ကုထုံးမျိုး လုပ်စရာမလိုပါဘူး။ ခြေထောက်မှာ သွေးအိုင်စေမဲ့ ကြာကြာရပ်ခြင်း၊ ကြာကြာထိုင်ခြင်း၊ ပက်လက်အိပ်ခြင်းများကို ရှောင်ရပါမယ်။ ညဘက်နဲ့ နေ့လည်ခင်း အနားယူတဲ့အခါမှာ ခြေထောက်ပိုင်းကို မြှင့်ထားသင့်ပါတယ်။ သွားလာလှုပ်ရှားတဲ့အချိန်၊ အလုပ်လုပ်တဲ့အချိန်မှာ ကျယ်နေတဲ့သွေးကြောတွေအပေါ် ဖိအားပေးနိုင် တဲ့ Compression stockings လို့ခေါ်တဲ့ ခြေစွပ် စွပ်ထားသင့်ပါတယ်။
သွေးကြောထုံးတဲ့အပေါ်က နီရဲလာမယ်၊ နာလာမယ်၊ မာလာမယ်ဆိုရင် ဆရာဝန်နှင့် ချက်ချင်းပြပါ။