
ရင်သားနဲ့ ဗိုက်က ကြီးလာရပြီး တင်းလာတဲ့အတွက် အသားများ ယားတတ်ပါတယ်။ အရမ်းမကုတ်ဘဲ အသားမခြောက်စေဘို့ Skin lotion တစ်မျိုးမျိုးကို လိမ်းပေးပါ။
ဝမ်းဗိုက်၊ ရင်သားနဲ့ ပေါင်တွေမှာ အကြောပြတ်တဲ့အရာတွေ ပေါ်လာတတ်ပါတယ်။
ကြီးထွားလာတဲ့ ရင်သွေးလေးအတွက် နေရာဆန့်အောင် ဗိုက်နံရံကို ချဲ့ပေးခြင်းဖြစ်ပါတယ်။