
အန္တရာယ်မရှိပါ။
ကျန်းမာနေသောမိခင်၊ ပြဿနာမရှိသောကိုယ်ဝန်အတွက် အန္တရာယ်မရှိပါ။
ကလေးက ဝမ်းခေါင်းအတွင်း သားအိမ်ထဲမှာရေမြွာရေတွေဝိုင်းရံပြီးနေတဲ့အတွက် ထိခိုက်စရာမရှိပါ။ သားအိမ်ခေါင်းရဲ့အဝမှာလည်း စေးကပ်နေတဲ့ချွဲ ပျစ်ပျစ်တွေနဲ့ပိတ်ထားပါတယ်။ လိင်ဆက်ဆံတဲ့အခါ ဖြစ်တဲ့ Orgasm ခေါ်တဲ့ ကြွက်သားများရဲ့လှုပ်ရှားမှုဟာ ကလေးမွေးဖို့ သားအိမ်ကြွက်သားများ ညှစ်အားလာတာနဲ့မတူပါဘူး။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ လိင်ဆက်ဆံတာ အန္တရာယ်မရှိပါ။
လိင်ဆက်ဆံရင်း ကူးစက်တတ်တဲ့ရောဂါတွေ ကာကွယ်ဖို့တော့ အစွပ်သုံးသင့်ပါတယ်။
ကိုယ်ဝန်တတိယသုံးလမှာ လိင်ဆက်ဆံခြင်းက အန္တရာယ်ရှိပါသလား?
မွေးခါနီး အပါတ်များမှာတော့ ရှောင်ဖို့ အချို့ ဆရာဝန်များက အကြံပေးပါတယ်။ အကြောင်းရင်းကတော့ သုတ်ရည်ထဲမှာပါတဲ့ ပရော့စတယ်ဂလယ်ဒင် Prostaglandin ဆိုတဲ့ဓါတ်ဟာ သားအိမ်ကိုညှစ်အားလာ စေတတ် တဲ့အတွက်ဖြစ်ပါတယ်။
ဘယ်လိုအခါမျိုးမှာ လိင်ဆက်ဆံခြင်းကို ရှောင်ရပါမလဲ။
ကလေးပျက်နိုင်ခြေရှိသူများ၊ ကိုယ်ဝန်ဆောင်စဉ် သွေးဆင်းဖူးသူ၊ သွေးဆင်းနေသူ၊ ရေဆင်းဖူးသူ၊ ရေဆင်းနေသူ၊ လမစေ့ဘဲ ကလေးမွေးဖူးသူများ ရှောင်သင့်ပါတယ်။ အချင်းက သားအိမ်ရဲ့အောက်ပိုင်း အဝ ကလေးရဲ့အရှေ့မှာ ရောက်နေရင် ဆက်ဆံရင်သွေးဆင်းတတ်တဲ့အတွက် ရှောင်ရပါမယ်။ လမစေ့ဘဲ သားအိမ်ပွင့်နေသူများ၊ အမြွှာကိုယ်ဝန်များ ရှောင်ရပါမည်။