
ပထမ ၃လမှာကျနေတဲ့သွေးပေါင်ချိန်ဟာ ကိုယ်ဝန်သက် ၅လ ( ၂၀ပတ်) ကျော်လာတဲ့အခါ တဖြည်းဖြည်း ကိုယ်ဝန်မရှိခင်က သွေးပေါင်ချိန်ကို ပြန်ရောက်လာတတ်ပါတယ်။ ကိုယ်ဝန် မရှိခင်က သွေးတိုးရှိတဲ့သူများ သွေးပေါင်ပြန်တက်လာတတ်ပါတယ်။ ကိုယ်ဝန်ဆိပ်တက်ခြင်းကြောင့်လည်း သွေးပေါင်တက်လာတတ်ပါတယ်။
ကိုယ်ဝန်စောင့်ရှောက်မှုခံယူချိန်တိုင်း သွေးပေါင်ချိန်ရပါမယ်။
ပက်လက်အနေအထားမှာ ရင်သွေးလေးနဲ့ သားအိမ်က အနောက်ဘက်မှာရှိတဲ့ ကျောရိုးမကြီး အပေါ်က သွေးပြန်ကြောကြီးကို ဖိထားမိတဲ့အတွက် ခြေထောက်ပိုင်းက သွေးများနှလုံးကို အပြည့်မပြန်နိုင်ပါ။ နှလုံးကိုပြန်ရောက်တဲ့ သွေးပမာဏ နည်းသွားတဲ့အတွက် နှလုံးက ပြန်ထွက်တဲ့ သွေးပမာဏ နည်းပြီးသွေးပေါင်ကျတတ်ပါတယ်။ အချင်းနဲ့ကျောက်ကပ်အပါအဝင် ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို သွေးရောက်လှည့်ပတ်မှု လျော့နည်းသွားတတ်ပါတယ်။
မေမေတို့ ပက်လက်မအိပ်ရပါ။ ဘေးစောင်းအိပ်ပါ။
သွေးပေါင်ကို ထိုင်လျှက် သို့မဟုတ် ဘေးစောင်းတိုင်းပေးပါ။