
မှောက်အိပ်ခြင်း
ကိုယ်ဝန်ဆောင်ချိန်မှာ မှောက်အိပ်တာက အန္တရာယ်ရှိပါသလား?
ကိုယ်ဝန် လရင့်လာတာနဲ့အမျှ မှောက်အိပ်လို့ ဘယ်လိုမှ မဖြစ်နိုင်တော့တာ သိလာပါမယ်။ မှောက်အိပ်ခြင်းဖြင့် ကြီးထွားလာနေပြီဖြစ်တဲ့ ရင်သွေးလေးနဲ့ သားအိမ်အတွက် နေစရာ ပိုကြပ်တည်းစေသလို့ မေမေရဲ့ ဝမ်းတွင်း ကလီစာတွေကို ရင်ခေါင်းဘက်ကို တွန်းတင်သလိုဖြစ်လို့ မေမေ့ကို အသက်ရှူကြပ်စေပါတယ်။ ဝမ်းဗိုက်နဲ့ အိပ်ယာနဲ့ထိတွေ့နေတဲ့အတွက်လည်း ကလေးလွတ်လွတ်လပ်လပ် လှုပ်ရှားဖို့ခက်ခဲပြီး၊ ကလေးတိုးတိုင်း မေမေနိုးနေပါလိမ့်မယ်။ ဗိုက်ခံနေလို့ ခါးလိမ်နေလို့ အိပ်ယာထရင် ခါးနာပါလိမ့်မယ်။
ပက်လက်အိပ်ခြင်း
ကိုယ်ဝန်ဆောင်ချိန်မှာ ပက်လက်အိပ်တာက အန္တရာယ်ရှိပါသလား?
ကိုယ်ဝန် လနုစဉ် ပထမ ၃လမှာ ပက်လက်အိပ်တာက ပြသနာမရှိသော်လည်း ၅ လ နောက်ပိုင်းမှာ ပက်လက်အိပ်တာက အန္တရာယ်ရှိပါတယ်။
ကလေးအပါအဝင် ကြီးထွားလာပြီဖြစ်တဲ့ သားအိမ်က အနောက်ဘက် မှာရှိနေတဲ့ သွေးကြောကြီးတွေကို ဖိထား တဲ့အတွက် ရင်သွေးလေးဆီ သွေးလှည့်ပတ်မှုလျော့ကျစေပါတယ်။ အစာအာဟာရနဲ့ အောက်ဆီဂျင်ရရှိမှု နည်းသွားစေတဲ့အတွက် ကလေးရဲ့ကြီးထွားမှု နဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ လုံဝ မအိပ်သင့်ပါဘူး။
ကိုယ်ဝန်ဆောင်မိခင်ကိုလည်း အသက်ရှူကြပ်ခြင်း၊ သွေးပေါင်ကျစေခြင်း၊ ခါနာစေခြင်း၊ခြေထောက်များ ဖေါရောင်ခြင်းများ ဖြစ်တတ်ပါတယ်။
ဘယ်လို ပုံစံနဲ့အိပ်တာအကောင်းဆုံးလဲ။
ကိုယ်သက်တောင့်သက်တာဖြစ်တဲ့ တဘက်ဘက်ကို စောင်းအိပ်တာ အကောင်းဆုံးဖြစ်ပါတယ်။
တဘက်ဘက်ကို စောင်းအိပ်ခြင်းဖြင့် ကျောရိုးဘက်မှာရှိတဲ့ သွေးပြန်ကြောကို မဖိထားတဲ့အတွက် သွေးလည်ပတ်မှု ပိုကောင်းပါတယ်။ မေမေ့ကိုလည်း သွေးပေါင်ကျစေခြင်းက ကာကွယ်ပါတယ်။ အချင်း (ကလေး)ဆီ သွေးရောက်မှုကောင်းတဲ့အတွက် အစာအဟာရနဲ့ အောက်ဆီဂျင်ကောင်းကောင်းရစေပြီး ကလေးကို ကြီးထွားကျန်းမာစေပါတယ်။ ခြေထောက်များဖေါရောင်ခြင်းကိုလည်း မဖြစ်စေပါဘူး။ ကျောက်ကပ်ကို လည်းသွေးလည်ပါတ်မှုကောင်းစေပါတယ်။
ဘယ်ဘက်ကိုစောင်းအိပ်ခြင်းက ကျောရိုးဘက်မှာရှိတဲ့ သွေးပြန်ကြောကိုဖိမိခြင်းက ညာဘက်စောင်းအိပ်ခြင်းထက် ပိုလွတ်စေပါတယ်။
ဘေးစောင်အိပ်တဲ့အခါမှာ ဗိုက်နဲ့ အိပ်ယာနဲ့ထိနေတဲ့အတွက် ပက်လက်အိပ်တာထက်စာရင် ကလေးတိုးတာပိုသိရပါတယ်။ တချိုု့မေမေတွေက ကလေးက မကြိုက်လို့လား၊ ကလေးကိုပိမိနေလို့လားဆိုပြီး စိတ်ပူတတ်ကြပါတယ်။ မပိမိပါဘူး။ ကလေးလေးက သူ့ ရေမြွှာအိတ်ထဲမှာပဲနေတဲ့အတွက် မပိမိပါဘူး။ အထိမိပါဘူး။
ခါးမလိမ်နေစေဖို့၊ အိပ်နေရင်း မသိဘဲ ပက်လက်ပြန်မဖြစ်သွားစေဖို့ ဖက်လုံးသုံးအိပ်သင့်ပါတယ်။