
၂၈ ပတ်သားအရွယ်မှာ သန္ဓေသားလေးဟာ ၃ရ.၆ စင်တီမီတာ (၁၄.၇၅လက်မ)လောက်ရှိပြီ ဖြစ်ပါတယ်။ ကိုယ်အလေးချိန် ၁ ကီလို ဂရမ် (၂.၂ ၅ပေါင် ) လောက်ရှိပြီဖြစ်ပါတယ်။ ရင်သွေးလေးအများစုဟာ ဇောက်ထိုးအနေအထားမှာ နေနေကြပါပြီ။ တွန့်နေတဲ့အရည်ပြားလေးဟာလည်း အဆီလေးတွေရှိလာပြီမို့ အတွန့်တွေပြေပြီး ပြောင်ချောလေးဖြစ်လာပါပြီ။ ရင်သွေးလေးမှာ မျက်တောင်မွှေးနုနုလေးတွေ ရှိနေပါပြီ။ မျက်ရည်စထွက်နေပါပြီ။ သားအိမ်ကိုဖြတ်ပြီး အလင်းရောင်တွေ့တဲ့အခါ မျက်တောင်ခတ်ပြီး တုံ့ပြန်နေပါပြီ။
ဉီးနှောက်ထဲမှာ နာဗ်ဆဲလ် အသစ်လေးတွေ ကုဋေနဲ့ ချီပြီးထပ် ဖြစ်နေပါ သည်။ ကိုယ်ဝန်ရဲ့တတိယ ၃လမှာ ဉီးနှောက်ရဲ့ အလေး ချိန်ဟာ ၃ဆ တိုးလာပါတယ်။ အကြားအာရုံ၊အမြင်အာရုံနဲ့ အထိအတွေ့ အာရုံတွေ အားလုံးဖွံ့ဖြိုး ဖြစ်ပေါ်နေပြီး အာရုံတွေလည်း ခံစားသိရှိနိုင်ပါပြီ။ ဉီးနှောက်ရဲ့မျက်နှာပြင်ဟာလည်း နက်နဲတဲ့ အတွန့်များ အချိုင့်များ၊ အခုံးများ ဖြစ်ပေါ်နေပါပြီ။ အာရုံခံ နာဗ်ကြောများရဲ့ အပြင်မှာ Myelin လို့ခေါ်တဲ့ အဆီလွှာစတင် ကာကွယ်ဖုံးအုပ်မှာဖြစ်ပြီး မွေးပြီးတစ်နှစ်သား အထိလည်း ဆက်လက် ဖုံးအုပ်နေမှာဖြစ်ပါတယ်။
တခါတရံ စည်းချက်ကျကျ ကလေးတိုးတာလေးတွေ ခံစားရမှာပါ။ အဲ့ဒါ ရင်သွေးလေးကြို့ထိုးနေတာပါ။ ရင်သွေးလေး ကြို့ထိုး တာဟာ သဘာဝ ဖြစ်စဉ်ပါ။ မကြာခဏဖြစ်တတ်ပါတယ်။ ကလေး အတွက် စိတ်မပူရပါ။ ကြို့ထိုးတဲ့ လှုပ်ရှားမှုကို အခြားကလေးရဲ့ လှုပ်ရှားမှုတွေက ခွဲခြားရ ခက်တတ်ပါတယ်။ ကြို့ထိုးခံစားရမှု မရှိ လို့လည်း ဘာမျှ မဖြစ်ပါဘူး။ အူတွေကရှည်လာပြီး ဗိုက်ထဲမှာခွေနေပါပြီ။