စျေး မီဒီယာ
အခြား

ကလေးမှာ တီဘီရှိနေပြီလို့ ယူဆနိုင်သည့် လက္ခဏာများ

Posted by May Thaw Htoo August 25, 2022
Grz6pdaeqmemeqmlndrx

ကလေးမှာ တီဘီရောဂါဖြစ်နေပြီလို့ ယူဆနိုင်တဲ့ လက္ခဏာတွေကတော့

(က) ဖျားခြင်း

- မကြာခဏဖျားဖြင်း၊ သို့မဟုတ် တစ်လအတွင်း နှစ်ကြိမ်မှ သုံးကြိမ်ခန့်ဖျားခြင်း
- ညတိုင်းအဖျားတက်ခြင်း ၊ ခြေဖဝါး၊ လက်ဖဝါးနွေးခြင်း၊ ရေအေးချိုးမိတိုင်း ဖျားခြင်း

(ခ) ချောင်းဆိုးခြင်း

- မကြာခဏ ချောင်းဆိုးရင်ကျပ်ခြင်း၊ ချွဲသံများ မကြာခဏကြားရခြင်း၊ ရက်ရှည်ချောင်းဆိုးခြင်း (သုံးပတ်ထက်ပိုကြာခြင်း)

(ဂ) တက်ခြင်း (ဦးနှောက်ထဲ တီဘီပိုးဝင်ခြင်း)

- အဖျားကြီးပြီး အချိန်ကြာမြင့်စွာ တက်ခြငး်၊ သတိလစ်ခြင်း၊ ဇက်ငိုင်ခြင်း၊ ငူငူကြီးနေတတ်ခြင်း၊ အလင်းရောင်ကို မကြည့်နိုင်ခြင်း၊ ကျောင်းသားအရွယ်တွင် စာမလိုက်နိုင်ခြင်း။

(ဃ) အခြားလက္ခဏာများ

- အိပ်ရာဝင်သည့်အခါ ချွေးများရွှဲနစ်အောင် ထွက်ခြင်း
- ညဘက်တွင် ခေါင်းချွေးများထွက်ခြင်း
- ကိုယ်အလေးချိန် အတက်နှေးခြင်း၊ လုံးဝမတက်ခြင်း
- ဝမ်းမကြာခဏပျက်တတ်ခြင်း
- မျက်လုံးအိမ်ထောင့်နီခြင်း၊ ခြေလက်တို့တွင် အနီဖုလုံးများထွက်ခြင်း
- အစားအသောက်ပျက်ခြင်းတို့ ဖြစ်ပါတယ်။


Ref : မေ့ရင်သွေးမဂ္ဂဇင်း (ဒေါက်တာအိအိခင်(ကလေး)၏ တီဘီဆေးနှင့် တီဘီကလေး ဆောင်းပါးမှ ကောက်နုတ်ဖော်ပြသည်။)

အိမ်အရောက် ပို့ဆောင်ပေးခြင်း

ရန်ကုန်မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါတယ်။

အိမ်အရောက် ငွေချေစနစ်

ရန်ကုန်မြို့အတွင်း အိမ်အရောက် ငွေချေစနစ် ရှိပါတယ်။

Customer Service

၉ am မှ ၉ pm အတွင်းဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Kyarlay.com

Kyarlay is a leading mum & baby eCommerce platform in Myanmar. We partner with a wide rage of distributors to bring mum & baby products to your home doorstep for your convenience. Our product listings are comprehensive and we offer 3-day shipping within Yangon.

  • Contact info:

    69, Waizayanta Rd, South Okkalapa, Yangon.

  • Telephone:

    09966162404, 09966162405, 09966162406

  • Email:

    kyarlay.mmr@gmail.com

  • Facebook:

    https://www.facebook.com/kyarlay.mmr/

  • Kyarlay.com is owned by Momolay Pte Ltd (201532899W) with registered office at 150 Cecil Street, #03-00, Singapore, 069543.

Kyarlay Flagship Mum & Baby Store in Yangon

Copyright © 2019 Kyarlay . All Rights Reserved.