ကလေးက မိမိကျွေးသောအစာကို ကြိုက်၍လည်း အများကြီး တစ်ခါတည်း မကျွေးသင့်ပါ။ ကလေးငယ်၏ အစာအိမ်သည် ကလေးငယ်၏ လက်တစ်ဆုပ်သာသာလေးပဲ ရှိသေးတာကြောင့် တဖြည်းဖြည်း တိုးကျွေးရမည်။ ကလေးစားလို့ဆိုခါ အများကြီးကျွေးမိပါက အစာမကြေဖြစ်တတ်သည်။ အန်ထွက်တတ်သည်။ အန်လျှင် ကလေးကြောက်ပြီး အစာကို မစားရဲဖြစ်တတ်သည်။
Ref : မေ့ရင်သွေး မဂ္ဂဇင်း (ဒေါက်တာအိအိခင် (ကလေး) ၏ ဆောင်းပါးမှ ကောက်နုတ်ဖော်ပြသည်)
မိခင်နှင့် ရင်သွေးတိုင်းအတွက်
မေတ္တာမွန်ဖြင့်
ကျားလေး