• Sean4o96od0madf4fiwo Sean4o96od0madf4fiwo

NNKW Flags of the World (32 flash Cards)

9,900 Ks

NNKW flags of the world ဟာနိုင်ငံတကာအလံမျိုးစုံကို သားသားမီးမီးလေးတွေ သိလာစေဖို့ သင်ပြပေးမယ့် FlashCard လေးတွေပါ။ ကလေးများ၏ဦးနောက် ညာဘက်ခြမ်း မှတ်ဉာဏ်အားကို လေ့ကျင်ပေးသောကဒ်ဖြစ်ပါသည်။ အင်္ဂလိပ်လိုပြနိုင်ရန်အတွက် Sticker လေးတွေလဲပါဝင်ပါတယ်။ ကလေးတွေစိတ်ထဲ ဓာတ်ပုံရိုက်ထားသလို မြင်နေတဲ့ photographic memory function ကို ဖွံဖြိုးစေပါတယ်။ ကလေးတွေဟာ အများအားဖြင့် ဘယ်ဘက်ဦးနှောက်နဲ့ သင်ယူပါတယ်။ ဒါပေမဲ့ ကတ်တွေကို high speed နဲ့ပြတဲ့အခါမှာတော့ သူတို့ရဲ့ ညာဖက်ဦးနှောက်ကပါ လိုက်အလုပ်လုပ်ပြီး ဖွံ့ဖြိုးလာပါတယ်။
ဒီလိုပြသခြင်းအားဖြင့်ဦးနှောက် ဘယ်ဘက်နဲ့ ညာဘက် တွဲဆက် အလုပ်လုပ်စေပါတယ်။ Flash Cards ပြနေတဲ့အချိန်မှာ ပုံလေးပြပြီး အခေါ်အဝေါ်ကို ပြသပေးသူက နှုတ်ကနေ အံကိုက်ရွတ်ပြရပါတယ်။ ဒီလို ပုံနဲ့စာ ပြရင်း နှုတ်က သင်တဲ့အခါ ကလေးရဲ့ ညာဘက်ဦးနှောက်က ပုံကိုမှတ်ပြီး ဘယ်ဘက်ခြမ်းက စာကိုသင်ယူပါတယ်။ ဒီ့အတွက် whole brain အလုပ်လုပ်ရပါတယ်။ Flash cards ကတဆင့် ဘယ်ဘက်ဦးနှောက်ပါ ဖွံ့ဖြိုးစေပြီး Linguistics muscle ကို ပိုသန်မာစေပါတယ်။

အသုံးပြုပုံ
တစ်စက္ကန့် နှစ်စက္ကန့် အတွင်း တစ်ကတ်နှုန်းရအောင် ပြပါ။
တခါပြရင် ကတ်၁၀၀ လောက်နဲ့ စပြဖို့ အကြံပေးထားပါတယ်။ ပထမလမှာ ကတ်၁၀၀ ပြီးတော့ တစ်လ သို့ နှစ်လအကြာ ၂၀၀ သို့ ၂၅၀... နောက်တဖြေးဖြေး တိုးပြီး ၁၀၀၀လောက်ထိပြကြပါတယ်။
ကတ်၁၀၀ပြမယ်ဆို ၁၀၀ထဲ Content အစုံထည့်ပြပေးပါ။
ပြတဲ့အခါ ကဒ်မှာပါတဲ့ နံပါတ်စဉ်လေးအတိုင်း စဉ်ပြီး အနောက်ကနေ အရှေ့ကိုယူပြပါ။ ကလေးရဲ့ မျက်လုံးထက်မြင့်အောင်ထားပြီးပြပါ။ category တစ်ခုက တစ်ခုပြောင်းတိုင်း ဘာအကြောင်းပြောနေလဲ ကလေးကို အသိပေးပါ။
အသက်၂နှစ် ၃နှစ်အရွယ် ကလေးတွေကတော့ ထိုင်နေရတာ သိပ်မကြိုက်တတ်ဘူး ပြေးလွှားကစားချင်တတ်ကြတယ်။အဲလိုဆို တခါထဲ အကုန်မပြပဲ ကြားထဲ short break လေးပေးပြီး ခွဲပြပေးပါ။

-NNKW flags of the world
-High speed flash card
-Made in China



Code: 2412630010591

tracker id: 0 (on) #5967