• Fvjqrbsjo6x21hatdu37 Fvjqrbsjo6x21hatdu37

DG 3 Goat Milk Step 3, 2Years Above, (800 g)

144,200 Ks

DG3 ဆိတ်နို့လေးဟာဆိုရင် ကလေးငယ်အသက် ၂နှစ်နဲ့အထက်အတွက် Nucleotides, Taurine, Polyamines နဲ့ Growth Factors စတဲ့ အဓိကသဘာ၀အာဟာရဓာတ်တွေအပြင် မိခင်တွေရဲ့ နို့ရည်ထုတ်စနစ်နဲ့ တူတဲ့ Apocrine နို့ရည်ထုတ်စနစ်ကနေ ရရှိလာတာပါ။ DG3 ဆိတ်နို့လေးရဲ့ကောင်းကျိုးတွေကတော့ အဓိကသဘာ၀အာဟာရဓာတ်တွေကြွယ်၀စွာ ပါ၀င်တာမို့ ကလေးတွေရဲ့ Brain နဲ့ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေပြီး အမြင်အာရုံ ဖွံ့ဖြိုးမှုအတွက် ထောက်ပံ့ပေးခြင်း၊ ကိုယ်ခံအားစနစ် မြှင့်တင်ပေးလို့ ပိုကျန်းမာစေခြင်း၊ ၀မ်းဗိုက်ကို သက်တောင့်သက်သာရှိစေပြီး ၀မ်းပျော့ပျော့သွားစေခြင်း၊ နွားနို့ထက်ဓာတ်မတည့် မှု ဖြစ်ပွားနှုန်းနည်းခြင်း၊ ကယ်လ်ဆီယမ်ဓာတ်ကြွယ်၀လို့ အရိုးနဲ့ သွားများ ကြံ့ခိုင်ကျန်းမာစေခြင်း စတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။

ဖျော်စပ်ပုံ( ဆိတ်နို့ဗူးတွင်ပါသော ဇွန်းဖြင့် ချိန်တွယ်အသုံးပြုရမည်)
- တစ်ကြိမ်ဖျော်စပ်စာ ဇွန်းအရေအတွက် (၆)ဇွန်း - ရေပမာဏ 180ml

သောက်သုံးရန်
- တစ်နေ့အနည်းဆုံး 180ml ကို (၂)ခွက်တိုက်ကျွေးသင့်ပါတယ်။
( ကလေးတစ်ယောက်နဲ့ တစ်ယောက် စားသောက်မှုပမာဏ မတူနိုင်သည့်အတွက် အကြိမ်အရေအတွက် အနည်းအများကို ကျန်းမာရေး၀န်ထမ်းနဲ့ တိုင်ပင်နိုင်ပါတယ်။

သတိပြုရန်
-တိုက်ကျွေးခါနီးမှသာ ဖျော်စပ်တိုက်ကျွေးပါ။ နို့အကျန် များကို ထပ်မံတိုက်ကျွေးခြင်းမပြုဘဲ စွန့်ပစ်ပါ။
-နို့မှုန့်ဘူးအားဖွင့်ပြီး လေးပတ်အတွင်း တိုက်ကျွေးအသုံးပြုပါ။
-ဖျော်ပြီး နို့မှုန့်အား ၂၄နာရီအတွင်း ကုန်အောင်တိုက်ကျွေးပါ။
- Microwave နဲ့ လုံး၀အပူမပေးပါနဲ့။ ပြင်းထန်စွာလောင်ကျွမ်းနိုင်ပါတယ်။
- အသုံးပြုပြီးပါက အဖုံးကိုလုံအောင်ပိတ်ပြီး အေးမြခြောက်သွေ့သောနေရာတွင် သိမ်းဆည်းပါ။

-DG 3 Goat Milk Step 3,
- 800g
- ကလေး အသက်၂နှစ်နဲ့အထက်
- ထုတ်လုပ်တဲ့ ရက်မှသက်တမ်းကုန်ချိန်ထိ Shelf Life (၃)နှစ်ရှိခြင်း
- Made In New Zealand



Code: 9421025232480

tracker id: 0 (on) #11395